လီဗာပူးအသင်းမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပိုဆိုးလာတဲ့အတွက် လေ့ကျင့်ရေးကွင်း ပိတ်

ဇန်နဝါရီ   ၉

လက်ထောက်မန်နေဂျာ ပက်လီဂျန်ဒါ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိမှုနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ဖြစ်ပွားမှုသတင်းများ ထွက်ပေါ်လာပြီးနောက် လီဗာပူးအသင်းဟာ သူ့ရဲ့ လေ့ကျင့်ရေးကွင်းကို ပိတ်ခဲ့ပါတယ်။ အဲဒီလိုလေ့ကျင့်ရေးကွင်းပိတ်လိုက်တဲ့အတွက် အာဆင်နယ်နဲ့ ကစားမယ့် လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို မရေရာမှုတွေဖြစ်စေခဲ့ပါတယ်။

အသင်းမန်နေဂျာ ဂျာဂျန်ကလော့ပ်နဲ့ ကစားသမားသုံးယောက်ဖြစ်တဲ့ အလစ်ဆန်ဘက်ကာ၊ ဂျိုးမာတစ်နဲ့ ရောဘတ်တိုဖာမီနိုတို့ကို သီးသန့်ခွဲထားပါတယ်။ ချယ်ဆီးနဲ့ တနင်္ဂနွေနေ့က တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အသင်းကိုတာဝန်ယူခဲ့တဲ့ လီဂျန်ဒါက အင်္ဂါနေ့နှောင်းပိုင်းမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးမှာ တခြားပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စလေးတွေရှိနေသေးပါတယ်။ အဲဒါကတော့ အယ်လ်ကန်တာရာ၊ မီနာမီနို၊ အော်ရီဂီတို့ အားလုံးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

လင်းခေတ်ဆန်