လိဒ်ယူနိုက်တက်က တေလာအဒမ်ကို ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူ

ဇူလိုင် ၈

လိဒ်ယူနိုက်တက်အသင်းဟာ လိုက်ဇစ်အသင်း မှ    ကွင်းလယ်ကစားသမား    တေလာအဒမ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ နဲ့ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ အမေရိကန်ကွင်းလယ် ကစားသမား တေလာအဒမ်ဟာ လိဒ်ယူနိုက်တက် အသင်းနဲ့အတူ  ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်တယ်လို့လည်း      သိရပါတယ်။ ကွင်းလယ်ကစားသမား တေလာအဒမ်ဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းနဲ့အတူ ပွဲစဉ် စုစုပေါင်း ၁၀၁ ပွဲအထိ ပါဝင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား  တေလာအဒမ်ဟာ ယခုနွေရာသီ     အပြောင်းအရွှေ့ကာလအတွင်း      လိဒ်ယူနိုက်တက်အသင်းက စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တဲ့ ငါးဦးမြောက်ကစားသမားဖြစ်ပြီး ဖီယင်နုအသင်းမှ တောင်ပံကစားသမား ဆီနီစတာရာကိုလည်း စာချုပ် ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

လိဒ်ယူနိုက်တက်အသင်းဟာ ဖီယင်နုအသင်းမှ ကိုလံဘီယာတောင်ပံကစားသမား ဆီနီစတာရာကို ပြောင်းရွှေ့ကြေးပေါင် ၂၁ သန်းနဲ့ ငါးနှစ်သက်တမ်းရှိ  စာချုပ်တစ်ရပ်ချုပ်ဆိုကာ     ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။   ဆီနီစတာရာဟာ   ပြီးခဲ့တဲ့ဘောလုံး ရာသီက ဖီယင်နုအသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၄၉ ပွဲ ပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး ၂၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ရှိထားခဲ့တာလည်း ဖြစ်ပါ တယ်။


ငွေကြယ်