လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်ရှိ အစိုးရစာသင်ကျောင်းများကို ပိတ်ထားရ

၃၁ ဇန်နဝါရီ

 

အဆိပ်သင့် မီးခိုးများကြောင့် ဘန်ကောက်မြို့တော်အတွင်းရှိ အစိုးရကျောင်းများကို အာဏာပိုင်များက ပိတ်ပစ်ခဲ့သည်။

 

အစိုးရစာသင်ကျောင်းပေါင်း  ၄၃၇ကျောင်းနှင့် မူလတန်းကျောင်းများကို ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှ သောကြာ နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်ဝန်က ကြေညာခဲ့သည်။

 

mdn

 

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဘန်ကောက်မြို့မှာ အန္တရာယ်ရှိသော လေထုညစ်ညမ်းမှု အဆင့် ၂ဒသမ၅ အဆင့်ကို ကြုံတွေ့နေရသည်။ 

 

ဘန်ကောက်မြို့တော်တစ်လျောက် ပျံ့နှံ့လျက်ရှိသည့် လေထုညစ်ညမ်းမှုအဆင့်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ထားသော  ဘေးကင်းလုံခြုံအဆင့်ထက် ကျော်လွန်နေကြောင်း လေထုညစ်ညမ်းမှုထိန်း ချုပ်ရေးဌာနက ပြောကြားသည်။

 

ခြောက်သွေ့သော ရာသီဥတု၊ ကားများနှင့် စက်ရုံများမှ ထုတ်လွတ်သော အခိုးအငွေ့များက လေထုညစ်ညမ်းမှု ကို ပိုမိုဆိုးရွားစေသည်ဟု ယုံကြည်ရသည်။

 

mdn

 

လေထုညစ်ညမ်းမှုကို ပပျောက်စေရန်အတွက်  မိုးများရွာစေရန် မိုးတုများပြုလုပ်ခြင်း မြေပြင်ကို ရေများပက် ဖျန်းခြင်းတို့ကို  တာဝန်ရှိသူများက  လုပ်ဆောင်လျက်ရှိသည်။ သို့သော်လည်း လက်ရှိ လေထုညစ်ညမ်းမှု အ ခြေအနေများက လာမည့်လ အစောပိုင်းထိ ကြာမြင့်နိုင်ကြောင်း ဘန်ကောက်မြို့တော်ဝန်က ပြောကြားသည်။

 

ကလေးဖြစ်သူမှာ ယခင်က ဖျားနာခဲ့ခြင်းမရှိသော်လည်း ယခုအခါ တစ်ချိန်လုံး ချောင်းဆိုးနေသောကြောင့် စိတ်ပူမိကြောင်း ကျောင်းသား မိခင်တစ်ဦးက ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်