လေဖိအားနည်းရပ်ဝန်းအခြေအနေ

နေပြည်တော် ၅ ဇူလိုင်

ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿ (Odisha) မြောက်ပိုင်း ကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

#မိုးဇလ