လေးမျက်နှာမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ

လေးမျက်နှာ  ၃၀   မတ် 

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် -၁၉ ပြင်းထန်အဆုတ်ရောင်ရောဂါအား ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ယနေ့ နံနက် ၆ နာရီမှ စတင်၍ ဈေးများအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ဈေးသူ၊ ဈေးသားများအား ကျန်းမာရေးအသိပညာပေးခြင်း၊ စောင့်ကြည့်စင်တာများအား ရေသန့်ဘူးများ လှူဒါန်းခြင်းတို့ကို  ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်း၍ လေးမျက်နှာမြို့နယ် အိုင်သပြုဈေးရှိ အသီး၊ အရွက်၊ အသား၊ ငါးနှင့် ဈေး ဆိုင်ခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးရှိ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများအား ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဈေးရှေ့ အဝင်အထွက်တွင် ထားရှိသော လက်ဆေးကန်များ၌ စနစ်တကျလက် ဆေးနည်းများကို ကျန်းမာရေး ဝန်ထမ်းများက လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ပေးကြသည်။

 

‌ေ

 

ဆက်လက်၍ လေးမျက်နှာမြို့နယ် အခြေခံပညာ၊ ပညာရေးလုပ်သားများသမဂ္ဂ အဖွဲ့အစည်းမှ ရေသန့်ဘူး ၁ လီတာ၊ ၆ လုံးကတ်၊ ကတ် ၁၀ဝ အား ပြည်ပနိုင်ငံများမှ ပြန်လာသူများထားရှိသည့် (စောင့်ကြည့်စင်တာ) လှော်ကထား အခြေခံပညာအထက်တန်းကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)