လေးမျက်နှာစေတီတော်မြတ်ကြီး ရာပြည့်ဗုဒ္ဓပူဇနိယပွဲတော် ပေါက်ခေါင်းတွင် ကျင်းပမည်

ပေါက်ခေါင်း  ၁၀ ဇန်နဝါရီ    

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ ကျက်သရေဆောင် လေးမျက်နှာစေတီတော်မြတ်ကြီး "နှစ်(၁၀ဝ)ပြည့် " ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်(၃၄)ကြိမ်မြောက် မြို့တွင်းသို့ပင့်ဆောင် လှည့်လည်အပူဇော်ခံပွဲကို ပြာသိုလပြည့်နေ့  ဇန်နဝါရီ  ၂၀ ရက်နေ့မှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

1

 

ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပြာသိုလပြည့်နေ့မှာ စတင်ကျင်းပပြုလုပ်ရာ ဒီနှစ်တွင်   ပွဲတော်ကျင်းပပြုလုပ်သည့် နှစ်(၁၀ဝ)ပြည့်ပွဲဖြစ်သည့်အပြင်  ယခင်နှစ်တွေကထက် ပိုပြီးထူးခြားတဲ့နှစ် ဖြစ်သည့်အတွက် စနစ်တကျမွမ်းမံပြင်ဆင်ထားပါတယ်  ဇန်နဝါရီ  ၂၃  ရက်နေ့မှာတော့ မြတ်စွယ်တော်ကို မြို့တွင်းသို့လှည်လည်အပူဇော်ခံမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူးဦးသန့်ဇင် ထံမှသိရသည်။

 

2

 

အဆိုပါဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၀ ပြည့်နှစ် ပြာသိုလပြည့်နေ့မှ လပြည့်ကျော်(၆)ရက်နေ့အထိ၊ ဇန်နဝါရီ  ၂၀ မှ ၂၆  ရက်နေ့အထိ  ၆  ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘုရားပွဲကာလအတွင်း မြို့ပေါ်ရပ်ကွက်(၅)ခုမှ ယိမ်းကားများနှင့်နိုင်ငံကျော်အဆိုတော်များ၊ ၎င်းအပြင် ရွှေဝေလျှံ မန္တလေးဇာတ်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရွှေကျင်ယဉ်ကျေးမှု တက်ပျံယိမ်းအဖွဲ့မှ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာဂုဏ်မြောက်စွာ ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းအောင်(ပေါက်ခေါင်း)