လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲလျင် ကျန်းမာရေးလမ်းညွှန်ချက်တွေကို ကုလသမဂ္ဂက ထုတ်ပေးမည်

၂ ဇွန်

 

နိုင်ငံတကာလေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကုလသမဂ္ဂရဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ နိုင်ငံတကာခရီးသည်တင် လေယာဉ်များအဖွဲ့ (ICAO) က တနင်္လာနေ့မှာ ကျန်းမာရေးလမ်းချက် တွေကို ထုတ်ပြန်လိုက်ပါတယ်။

 

အဲဒီလမ်းညွှန်ချက်မှာ လေယာဉ်အတွင်းနဲ့ လေဆိပ်အတွင်းမှာ မျက်နှာဖုံးဝတ်ဆင်ခြင်း၊ အပူချိန် တိုင်းတာခြင်း၊ တစ်ဦးနဲ့တစ်ဦး ၃ ပေအကွာမှာ ရှိနေခြင်း၊ လေယာဉ်အတွင်းပိုင်း ကိုယ်ထည်ကို ပိုးသတ်ဆေးဖြန်းခြင်းတွေပါ လုပ်ဆောင်ခြင်း၊ ဆိုက်ရောက်ရာ လေဆိပ်တွေမှာ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်တင်ပြဖို့ လိုအပ်ကြောင်းတွေ ပါရှိပါတယ်။

 

ဒါ့အပြင် လေယာဉ်လက်မှတ်ကို အီလက်ထရောနစ် စနစ်နဲ့ အသုံးပြုကြခြင်းဖြင့် ခရီးသည်နဲ့ ဝန်ထမ်းတွေ မျက်လုံးချင်း သို့မဟုတ် မျက်နှာချင်းဆိုင်စရာ မလိုအောင် ပြုလုပ်ခြင်းနဲ့ စာရွက်စာတမ်းတွေကနေ တဆင့် ကူးလူးဆက်ဆံခြင်း လျော့ချနိုင်ရန် ဖြစ်ပါတယ်။

လေယာဉ်အတွင်းမှာ ခရီးသည်တွေ တက်နိုင်သမျှ ရွှေ့ပြောင်းသွားလည်း မပြုလုပ်နဲ့ လေယာဉ်အိမ်သာရှေ့မှာ တန်းစီမနေအောင် စီဖို့ပါ ပါရှိပါတယ်။

 

ကပ်ရောဂါကြောင့် လေကြောင်းကို အသုံးပြုမယ့် ဒီနှစ်ကုန်ပိုင်းအထိ ခရီးသည် ၁.၅ ဘီလီယံထိ လျော့ နည်းသွားနိုင်ကြောင်း ICAO က ခန့်မှန်းထားပါတယ်။

 

MDN

ကိုးကား - AFP