လေဒီဂါဂါရဲ့ တေးသီချင်းသစ် တရားဝင်မထုတ်လွှင့်မီ အွန်လိုင်းပေါ် ပျံ့နှံ့

၂၄  ဇန်နဝါရီ

အမေရိကန်ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါရဲ့ တေးသီချင်းသစ် တစ်ပုဒ်ဟာ တရားဝင် စတင်ထုတ်လွှင့်ခြင်း မပြုမီမှာပင် အွန်လိုင်းပေါ်မှာပျံ့နှံ့နေပြီး လတ်တလောမှာ နားထောင်သူ အများဆုံး တေးသီချင်းတစ်ပုဒ် အဖြစ်လည်း ရပ်တည်နေပါတယ်။ ဒီလိုတေးသီချင်းသစ် အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ အပေါ်လေဒီဂါဂါက ဟာသဆန်ဆန် တုံ့ပြန်ခဲ့တာကိုလည်း တွေ့ရကြောင်း အမ်အက်စ်အင်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။ ။

လေဒီဂါဂါရဲ့ တေးသီချင်းသစ် Stupid Love ဟာ လတ်တလောအွန်လိုင်းပေါ်မှာ နားထောင်သူအများဆုံး တေးသီချင်းတစ်ပုဒ်ဖြစ်နေပါတယ်။ ဒီလိုတရားဝင် ထုတ်လွှင့်ခြင်းမရှိတဲ့ တေးသီချင်းတစ်ပုဒ်ကို နားမထောင်ကြဖို့ လေဒီဂါဂါက ပရိသတ်တွေကို တောင်းဆိုခဲ့ရာမှာ မျက်နှာဖုံးဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံကို ဖော်ပြခဲ့ပြီး ယင်းဓာတ်ပုံနဲ့အတူ မင်းတို့အားလုံး နားမထောင်ဘဲ နေနိုင်မလားလို့ အဓိပ္ပာယ်ရတဲ့ စာသားကို လည်းသူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။

အေးပြည့်