လောင်စာဆီအကျပ်အတည်းကြောင့် အေးခဲလှသည့် ဆောင်းရာသီတွင်  ကျောင်းတက်ရန် ထိတ်လန့်နေကြသည့် လက်ဘနွန် ကျောင်းသားများ

နွယ်နီလင်း

လက်ဘနွန်နိုင်ငံ   အရှေ့ပိုင်း   ရာရှာ အယ်လ်ဝါဒီမြို့၌  နေထိုင်သည့်  အိမ်ရှင်မ တစ်ဦးဖြစ်သူ   ဆောဆန်အယ်လ်ခါဒီ သည်   ယခုနှစ်ဆောင်းရာသီအတွင်း အနွေးဓာတ်ပေးရန်    လောင်စာဆီဖူလုံမှု မရှိသည့်အတွက်  ၎င်း၏  ကလေးများကို နွေးထွေးစွာမထားနိုင်မည်ကို စိုးရိမ်ပူပန် နေသည်။

“အထူးသဖြင့်   နိုင်ငံတစ်ဝန်းမှာ ကာလဝမ်းရောဂါ       ကူးစက်ဖြစ်ပွား ပြီးနောက်  သင့်လျော်တဲ့  အပူပေးပစ္စည်း တွေမရှိဘဲ  ရာသီဥတု  အေးတဲ့အချိန်မှာ ကလေးတွေကို   ကျောင်းပို့ဖို့   စိုးရိမ်နေ တယ်” ဟု ၎င်းက ဆိုသည်။

ကလေးများအတွက် နွေးထွေးရန် မလုံလောက်

ကလေးများအတွက် သိုးမွေးအထည် များ ဝယ်ပေးခဲ့ပြီးဖြစ်သော်လည်း အေးခဲ သည့်ဆောင်းရာသီတွင် ၎င်း၏  ကလေး များအတွက် နွေးထွေးရန် မလုံလောက် ကြောင်း အယ်လ်ခါဒီက ဆက်ပြောသည်။

ဒီဇယ်ဈေးနှုန်းများ သိသိသာသာ မြင့်တက်

ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း များကြောင့်   အစိုးရက   လောင်စာဆီ ထောက်ပံ့မှုများကို       ရပ်တန့်လိုက် ပြီးနောက် အပူပေးစက်များ လည်ပတ်ရာ တွင် အသုံးပြုသည့် ဒီဇယ်ဈေးနှုန်းများ သိသိသာသာ       မြင့်တက်လာခဲ့သည်။ ထို့ကြောင့်  ယခုနှစ်တွင်  ကျောင်းတက် ခြင်းသည်   လက်ဘနွန်   ကျောင်းသား ကျောင်းသူများအတွက် စွန့်စားရသည့် အလုပ်တစ်ခုသဖွယ်   ဖြစ်နေဦးမည်ဖြစ် သည်။ 

“အလွန်အေးတဲ့    နေ့ရက်တွေမှာ ကျွန်မသားကို        ကျောင်းပို့ဖြစ်မှာ မဟုတ်ဘူးလို့  ကျောင်းကို  အကြောင်း ကြားထားတယ်။   ကျောင်းအတွက်   ဒီဇယ်ဆီလိုအပ်ချက်ရဲ့   ၁၀  ရာခိုင်နှုန်း ကိုသာ  ဖြည့်ဆည်းပေးနိုင်တယ်။    အဲဒီ ပမာဏဟာ  ကျောင်းရဲ့  အပူပေးစက် တွေကို          တစ်လစာသာ      လည်ပတ်ဖို့ လုံလောက်တယ်” ဟု  ရာရှာအယ်လ် ဝဒီမြို့၌ နေထိုင်သူ အယ်လ်ဟမ်အက်ဘ် ဒယ်ဟခ်က ဆိုသည်။

အပူပေးဝန်ဆောင်မှုဖြင့် ဒီဇယ်ဈေး ၂၀ လီတာလျှင် အမေရိကန်ဒေါ်လာ ၂၆ ဒေါ်လာအထိ တိုးမြှင့်ပေးဆောင်ရသဖြင့် တောင်တန်းဒေသများရှိ  ကျောင်းများ၏ စာသင်ခန်းများတွင်      အပူပေးစက် လည်ပတ်နိုင်ရန်အတွက်   အဆိုးဆုံးသော  စိန်ခေါ်မှုနှင့်  ရင်ဆိုင်နေရသည်ဟု       လက်ဘနွန်နိုင်ငံတောင်ပိုင်း ဟာဘာယာ မြို့ရှိ     မီမားစ်အစိုးရ    အလယ်တန်း ကျောင်းမှ    ဒါရိုက်တာဖြစ်သူ    ဂျီဟန် အယ်ခါတက်ဘ်က ပြောသည်။

ကျောင်းအတွက် တတ်နိုင်သည့် အနေအထားမဟုတ်

စာသင်ခန်း ၁၀ ခန်းပါသော ကျောင်း တစ်ကျောင်းသည် နေ့စဉ်အပူပေးရန် အတွက် ဒီဇယ် ၆၀ လီတာခန့် လိုအပ်ပြီး စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၈၀ ခန့် ရှိသည့်အတွက်   လက်ဘနွန်ပေါင်   ၃ ဒသမ   ၂  သန်းခန့်နှင့်   ညီမျှကြောင်း အယ်ခါတက်ဘ်က  မှတ်ချက်ပြုပြောဆို သည်။   အဆိုပါ   ငွေကြေးပမာဏမှာ ကျောင်းအတွက်တတ်နိုင်သည့်   အနေ အထား    မဟုတ်သည့်အတွက်      မည်သို့ လုပ်ဆောင်ရမည်ဆိုသည်ကို  မသိသေး ကြောင်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂ        အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့  (UNICEF)မှ ရန်ပုံငွေအချို့ကို ၎င်းတို့ ကျောင်းအတွက် လက်ခံရရှိသော်လည်း   ကျောင်းစရိတ် အနည်းငယ်  ကာမိရုံရှိသည်ဟု  ၎င်းက ဆက်ပြောသည်။

အပူချိန် သုညဒီဂရီအောက် 
ကျရောက်

တောင်တန်းဒေသတွင်       ရှိသည့် ကျောင်းများမှာ   အပူပေးရန်အတွက် ဒီဇယ်ဝယ်ယူရန်  မတတ်နိုင်ခြင်းကြောင့် အပူချိန် သုညဒီဂရီအောက် ကျရောက် သဖြင့် ယခုနှစ်အတွင်း အရိုးခိုက်အောင် အေးသည့်   ဒဏ်ကို   ခံစားရသည်ဟု လွှတ်တော်ပညာရေး   ကော်မတီအကြီး အကဲဖြစ်သူ  ဟက်ဆန်မာရက်ဒ်က  ဆို သည်။

အကျပ်အတည်းပေါင်း များစွာ ရင်ဆိုင်နေရ

ပြီးခဲ့သည့်         သုံးနှစ်တာကာလ ကတည်းကစတင်၍   ဆင်းရဲနွမ်းပါးမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ  ရင်ဆိုင်နေရမှု၊ လောင်စာဆီဈေးကြီးမြင့်မှု၊   ကလေး အလုပ်သမားရာခိုင်နှုန်း   မြင့်တက်လာမှု စသည့်လူမှုဘဝ  အကျပ်အတည်းပေါင်း များစွာ           ရင်ဆိုင်နေရမှုတို့ကြောင့် လက်ဘနွန်နိုင်ငံရှိ  ကျောင်းနေအရွယ် ကလေး နှစ်သန်း အနက် ခုနစ် သိန်းခန့် မှာ    ကျောင်းသို့လုံးဝ   လာရောက်နိုင်ခြင်း မရှိတော့ကြောင်း ယူနီဆက်ဖ်၏  အချက် အလက်များက ညွှန်ပြနေသည်။ 
“လက်ဘနွန်နိုင်ငံမှာရှိတဲ့ ကျောင်း နေအရွယ်         ကလေးငယ်အားလုံးဟာ အမှန်တကယ်တော့ ကျောင်းမှာ ရှိနေရ မှာပါ။  ဒါပေမယ့် သူတို့ဘဝရှင်သန်နိုင်ဖို့ အတွက် လမ်းပေါ်မှာ အလုပ်လုပ်နေကြ ရတာကြောင့်      ကျောင်းမတက်နိုင်ကြ တော့တာပါ”   လက်ဘနွန်နိုင်ငံဆိုင်ရာ ယူနီဆက်ဖ်  ကိုယ်စားလှယ်  အက်တီ ဟစ်ဂင်က  ဆိုသည်။

ကလေးငယ်   ၁၀   ဦးလျှင်  တစ်ဦးမှာ အလုပ်လုပ်နေကြရ

လက်ဘနွန်နိုင်ငံ၏      စီးပွားရေး ပျက်ယွင်းမှုသည်     လူ့အဖွဲ့အစည်း၏ ကဏ္ဍအားလုံးအပေါ်   သက်ရောက်နေပြီး ကလေးများသည် ယင်း၏  အကျိုးဆက် များကို  ခံစားနေကြရကာ  အဆိုးဆုံးမှာ ပညာရေးပင်ဖြစ်သည်။  ယူနီဆက်ဖ်၏ အဆိုအရ လက်ဘနွန်နိုင်ငံရှိ မိသားစုများ ၏   ၁၅  ရာခိုင်နှုန်းသည်  လူမှုနေထိုင်မှု စရိတ်နှင့်   လောင်စာဆီ  ဈေးကြီးမြင့်မှု ကြောင့်   ရုန်းကန်နေရသဖြင့်  ၎င်းတို့၏ ကလေးများကို ကျောင်းဆက်မထားနိုင် တော့သည့် အနေအထား ကို ရင်ဆိုင်နေ ကြရပြီး ကလေးငယ် ၁၀ ဦးလျှင်  တစ်ဦး မှာ  အလုပ်လုပ်နေကြရသည်။ 

မိဘများကလည်း   သားသမီးများ ကျောင်းတက်နိုင်ရန်အတွက် လောင်စာ ဆီထောက်ပံ့ပေးနိုင်ရေး  ရုန်းကန်နေရပြီး ကျောင်းများတွင်လည်း  အဆောက်အအုံ အပူပေးစနစ်နှင့်         မီတာခအတွက် ငွေကြေးများစွာကို အသုံးပြုနေရသည်။ ထို့ကြောင့်   ယခုစာသင်နှစ်တွင်လည်း လောင်စာဆီသည် အရေးပါသော စိန်ခေါ် မှုတစ်ခုအဖြစ်  ဆက်လက်ရင်ဆိုင်ရဖွယ် ရှိသည်။

နီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်

ကုလသမဂ္ဂ     အပြည်ပြည်ဆိုင်ရာ ကလေးများ  ရန်ပုံငွေအဖွဲ့  (UNICEF) သည် ပညာရေးနှင့်  အဆင့်မြင့်ပညာရေး ဝန်ကြီးဌာနနှင့်   အခြားမိတ်ဖက်အဖွဲ့ အစည်းများစုပေါင်းကာ  ကျောင်းများ ဖွင့်လှစ်နိုင်စေရန်အတွက်   လုံလောက် သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေး နိုင်ရန်အတွက်  နီးကပ်စွာ   ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်ဟု  ယူနီဆက်ဖ် က ပြောကြားသည်။ 

အဆိုးရွားဆုံး စီးပွားရေးကျဆင်း

လက်ဘနွန်နိုင်ငံသည် ၂၀၁၉ ခုနှစ် တွင်  စတင်ခဲ့သည့်  သမ္မတ  မိုက်ကယ် အောင်း၏   လက်ထက်မှ  စတင်ကာ ပြင်းထန်သော      ဘဏ္ဍာရေးအကျပ် အတည်းများကြောင့်         ကမ္ဘာ့သမိုင်း မှတ်တမ်းတစ်လျှောက်တွင်   အဆိုးရွား ဆုံး   စီးပွားရေးကျဆင်းမှု  ကပ်ဘေးကို ရင်ဆိုင်ခဲ့ရသည့် နိုင်ငံအဖြစ်သို့  ရောက်ရှိ သွားခဲ့ကြောင်း  ကမ္ဘာ့ဘဏ်၏   အချက် အလက်များကဆိုသည်။   လက်ဘနွန် နိုင်ငံသမ္မတ  အောင်းသည်လာမည့် ရက် သတ္တပတ်အတွင်း   သက်တမ်းကုန်ဆုံး တော့မည်ဖြစ်ရာ   ၎င်း၏   သမ္မတ သက်တမ်းကုန်ဆုံးချိန်တွင်  လက်ဘနွန် နိုင်ငံအတွက်   ဘက်ပေါင်းစုံ   အကျပ် အတည်းများကို  ပိုမိုနက်ရှိုင်းလာစေမည့် အလားအလာများနှင့်လည်း   ရင်ဆိုင် နေရသည်။ 

ကိုးကား - ဆင်ဟွာ အင်န်အိတ်ချ်ကေ