လောက်ကိုင်မြို့ပေါ် ရပ်ကွက်နှင့် လမ်းများတွင် ပိုးသတ်ဆေးများ လိုက်လံ ပက်ဖျန်း

လောက်ကိုင် ၁၃ မေ                          

           

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လောက်ကိုင်မြို့နယ်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဉက္ကဌ ဦးကျောက်တယ်ချန်၏ အစီအစဉ်ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် လမ်းများတွင် ပိုးသတ်ဆေးများ လိုက်လံ ပက်ဖျန်းခြင်းကို ယမန်နေ့ နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

           

လောက်ကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက် သည့် အနေဖြင့်  မြို့နယ်ယာဉ် စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေးအဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် စာရေးများသည် ရပ်ကွက်လူနေအိမ်များတွင် ပိုးသတ်ဆေးဖျန်းစက်များဖြင့် လိုက်လံ ပက်ဖျန်းပေးပြီး ရပ်ကွက် လမ်းများအတွင်း  ဂါလန် ၁၆၀၀ ဆံ့ ပိုးသတ်ဆေးရည် တင်ဆောင်သည့် ယာဉ် တစ်စီးဖြင့် လိုက်လံ ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)