လော့စ်အိန်ဂျလိစ်တွင် ကိုဗစ် -၁၉ကူးစက်ပျံ့နှံ့မှုများကြောင့် စားသောက်ဆိုင်များ ပိတ်ထားရ

လော့စ်အိန်ဂျလိစ်  ၃၀  နိုဝင်ဘာ

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုများကြောင့် စားသောက်ဆိုင်များ တွင် ဆိုင်ထိုင်စားသောက်ခြင်းကို ပိတ်ပင်တားမြစ်ထား ကြောင်း သိရသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ တွက်ချက်မှုများအရ အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ် ကူးစက်မှုနှုန်းမှာ ၁၀၀၀၀၀ ကျော် ရှိနေသည်။ကယ်လီဖိုးနီးယားပြည်နယ်တွင်လည်း နေ့စဉ်ကူးစက်မှုမှာ ၁၀၀၀၀ ကျော်တွင် ရှိနေသည်။

ယင်းသို့ ကူးစက်မှုများကြောင့် လော့စ်အိန်ဂျလိစ်တွင် စားသောက်ဆိုင်အပြင်ဘက် ဆိုင်ထိုင် စားသောက်မှုကို သုံးပတ်ကြာပိတ်ထားပြီး ဆိုင်အတွင်းစားသောက်ခြင်းကိုမူ ယခင်ကတည်းက ပိတ်ပင်ထားပြီးဖြစ်သည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ မှာယူနိုင်သည်။ ပြည်နယ်နှင့် ဗဟိုအစိုးရတို့ထံမှ မည်သည့်အကူအညီမျှမရဟု စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အမေရိကန်ပြည်ထောင်စုတစ်လွှားတွင် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများ အသီးသီးချမှတ်ထားသည်။ နယူးယောက်ပြည်နယ်တွင်လည်း ဘာများနှင့် စားသောက်ဆိုင်များတွင် အရက်ရောင်းချခွင့်ကို ည ၁၀ နာရီအထိသာ ခွင့်ပြုထားကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ