လစ်ဗျားနိုင်ငံ၌ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀ဝ၀ ကျော် သေဆုံး

၁၀ ဇူလိုင်


ထရီပိုလီမြို့တော်ကို ထိန်းချုပ်ရန်အတွက် တိုက်ပွဲများဖြစ်ပွားမှု၏ အကျိုးဆက်တစ်ခုအဖြစ် ဧပြီလနောက်ပိုင်း လစ်ဗျားနိုင်ငံတွင် လူပေါင်း ၁၀ဝ၀ ကျော် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကူအညီများ ပေးအပ်လျက်ရှိသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တိုက်ပွဲများစတင်ကတည်းက  ဆေးဘက်ဆိုင်ရာ အရပ်သား ၁၀၆ ဦး အပါအဝင် လူပေါင်း ၁၀၄၈ ဦး သေဆုံးခဲ့သည်။ 

 

၂၀၁၁ ခုနှစ်က အာဏာရှင် ခေါင်းဆောင် မွမ်မာအယ်လ်ကဒါဖီ ဦးဆောင်သည့် အစိုးရ ပြုတ်ကျပြီး နောက်ပိုင်းကတည်းက လစ်ဗျားနိုင်ငံမှာ ပြိုကွဲခဲ့သည်။

 

ဥရောပသို့ ရောက်ရှိရန်ကြိုးစားနေသည့် အာဖရိက ရွေ့ပြောင်းဒုက္ခသည်များသည် ထရီပိုလီ ထိန်းသိမ်းရေးစင်တာများတွင် ယခုလအစောပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး အသက်၅၃နှစ်အရွယ်လူတစ်ဦး သေဆုံးခဲ့သည်။ 

 

တိုက်ပွဲ သတင်းများကြောင့် လူပေါင်း ၁၀၅၀ဝ၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။ ထရီပိုလီတွင် အပစ်အခတ်ရပ်စဲရေး အလားအလာများမှာ ရှင်းရှင်းလင်းလင်း မရှိသောကြောင့် ကုလသမဂ္ဂက ပဋိပက္ခကို ချက်ချင်း ရပ်တန့်ပေးရန် တောင်းဆိုလျက်ရှိသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်