လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၄၈၀ အား ကယ်ဆယ်ပြီးနေရပ်ပြန်ပို့

ဧပြီ ၂

လစ်ဗျားကမ်းလွန်တွင် လွန်ခဲ့သောသီတင်းပတ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၄၈၀ အား ကယ်ဆယ်ခဲ့ကြောင်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်း (အိုင်အိုအမ်)က ယမန်နေ့က ပြောကြားသည်။ ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၄၈၀ အား ကယ်ဆယ်ပြီး လစ်ဗျားသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု အိုင်အိုအမ်က ပြောကြားသည်။ အဆိုပါရွှေ့ပြောင်းနေထိုင်သူများတွင် အမျိုးသမီး ၂၆ ဦးနှင့် ကလေးငါးဦး ပါဝင်ကြောင်းနှင့် နှစ်ဦး၏ရုပ်အလောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ရွှေ့ပြောင်းနေထိုင်သူပေါင်း ၃၇၉၁ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် လစ်ဗျားကမ်းလွန်တွင် သေဆုံးသူ ၁၂၀ ရှိပြီး ၂၅၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ လစ်ဗျားပြည်ထဲရေးဝန်ကြီးက  ယခုနှစ်အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀၀ ကျော်အား နေရပ်ပြန်ပို့ရန် ပြည်ထဲရေးဝန်ကြီးဌာနကစီစဉ်ထားသည်ဟု မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို