(လစာနှုန်းကျပ် ၂၁၆၀ဝ၀-၂၀ဝ၀-၂၂၆၀ဝ၀) ရာထူး (၂၁)နေရာအတွက် ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန

ရုံးအမှတ် (၃၂)၊ နေပြည်တော်

 

ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

 

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စိစစ်ရေးမှူး-၂ (လစာနှုန်းကျပ် ၂၁၆၀ဝ၀-၂၀ဝ၀-၂၂၆၀ဝ၀) ရာထူး (၂၁)နေရာအတွက် သတ်မှတ်အရည် အချင်းပြည့်မီသူများ လျှောက်ထားနိုင်ပါသည်-

 

(က) စီးပွားရေးပညာဘွဲ့ (စီးပွားရေးဆိုင်ရာဘာသာရပ်) (၈) ဦး

M.Econ, M.Com, B.Econ (Eco), B.A (Eco), B.com,

B.Econ (Stats), B.A (BM), B.Act, BPS, BBA.

 

(ခ) အင်ဂျင်နီယာဘွဲ့ (အင်ဂျင်နီယာဘာသာရပ်) (၅) ဦး

M.E (E.P), M.E (Civil), M.E (IT), B.E (Civil),

B.E (E.P), B.E (E.C), B.E (Mech).

 

(ဂ) ဥပဒေဘွဲ့ (ဥပဒေဘာသာရပ်) (၄) ဦး

L.L.M, L.L.B

(ဃ) သိပ္ပံဘွဲ့ (ကွန်ပျူတာဘာသာရပ်) (၁) ဦး

M.C.Sc, B.C.Sc, B.C.Tech.

(င) ဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာဘာသာရပ်) (၃) ဦး

M.A (English), B.A (English)

 

၂။ လျှောက်ထားသူများသည်

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) လျှောက်ထားသူသည် ၂၅-၇-၂၀၁၉ရက်တွင် အသက် (၃၀)ထက် မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဂ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်ရမည်။

 

၃။ လျှောက်ထားသူများသည် စာမေးပွဲဝင်ကြေးကျပ် ၁၀ဝဝိ/-(ကျပ်တစ်ထောင် တိတိ)ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ငွေစာရင်းအမှတ် MD-ဝ၁၃၇၉၄ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနသို့ ပေးသွင်းရမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော လျှောက်လွှာများကို စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနတွင် ဝင်ကြေးငွေကျပ် ၁၀ဝဝိ/- ပေးသွင်းသည့် ချလန် မူရင်းပြသ၍ ထုတ်ယူနိုင်ပါသည်။

(က) အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

(ခ) မွေးနေ့သက္ကရာဇ်နှင့်အသက်

(ဂ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ

(ဃ) ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်

(င) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်၊

(စ) ဝန်ထမ်းဖြစ်လျှင် ရာထူး၊ ဌာန

(ဆ) ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်နှင့် မှတ်ပုံတင်သည့်ရက်စွဲ

(ဇ) ဆက်သွယ်ရန် နေရပ်လိပ်စာနှင့် တယ်လီဖုန်းအမှတ်

(ဈ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ

 

၅။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ ပူးတွဲပါရှိရမည်-

 

(က) တစ်လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ (၃)ပုံ၊ (ကျောဘက် တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

(ခ) ဘွဲ့လက်မှတ်မိတ္တူ၊(ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင်မူရင်းတင်ပြ နိုင်ရမည်။)

(ဂ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင် လက်မှတ်မိတ္တူ (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူချိန်တွင် မူရင်းတင်ပြ နိုင်ရမည်။)

(ဃ) ဝန်ထမ်းမဟုတ်သူများအတွက် (၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမား မှတ်ပုံတင် ကတ်ပြားမိတ္တူ၊ (ဖြေဆိုခွင့်ကတ်ပြားထုတ်ယူ ချိန်တွင် မူရင်းတင်ပြနိုင်ရမည်။)

(င) ဝန်ထမ်းမဟုတ်သူများအတွက် တစ်လအတွင်းရရှိထားသော အကျင့် စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်း ထောက်ခံချက်မူရင်း၊

(စ) ကျန်းမာရေးကောင်းမွန်ကြောင်း၊ ကျန်းမာရေးဦးစီးဌာန၏ ဆေးစစ် ချက်မူရင်း၊

(ဆ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန (နေပြည်တော်)တွင် တာဝန်ထမ်းဆောင်ရမည်ကို သိရှိပါကြောင်းနှင့် အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်နိုင် ကြောင်း ဝန်ခံကတိပြုရေးထိုးစာတို့ ပူးတွဲပါရှိရမည်။

၆။ ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်သို့လိပ်မူ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍ သော်လည်းကောင်း၊ ၂၅-၇-၂၀၁၉ရက် (ကြာသပတေးနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ ပေးပို့ရန် ဖြစ်သည်။

၇။ ဝန်ထမ်းများသည် လျှောက်လွှာကို မိမိတာဝန်ထမ်းဆောင်နေသည့် ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ဤဝန်ကြီးဌာန၊ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနသို့ ၂၆-၇-၂၀၁၉ရက် (သောကြာနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ ပေးပို့ရန်ဖြစ်သည်။

၈။ သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသောလျှောက်လွှာများနှင့် သတ်မှတ်ချက်နှင့် မကိုက်ညီသူများအား ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။

၉။ လျှောက်ထားသည့် စာရွက်စာတမ်းများကို စိစစ်ပြီးပါက သတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် ရေးဖြေစာမေးပွဲကို ၃-၈-၂၀၁၉ရက် (စနေနေ့)နှင့် ၄-၈-၂၀၁၉ရက် (တနဂငေ်္နွနေ့) တို့တွင် ဖြေဆိုရမည်ဖြစ်၍ ဖြေဆိုခွင့်ကတ်ပြားများကို ၁-၈-၂၀၁၉ရက် (ကြာသပတေးနေ့)မှ ၂-၈-၂၀၁၉ရက် (သောကြာနေ့)အထိ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော် တွင် ရုံးချိန်အတွင်း ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် အတူ လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

၁၀။ ရေးဖြေစာမေးပွဲဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) မြန်မာစာ (၂)နာရီမေးခွန်း

(ခ) အင်္ဂလိပ်စာ (၂)နာရီမေးခွန်း

(ဂ) အထွေထွေဗဟုသုတ (၂)နာရီမေးခွန်း

၁၁။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ နှုတ်ဖြေစစ်ဆေးခြင်းနှင့် ကွန်ပျူတာ ကျွမ်းကျင်မှု စစ်ဆေးမည့်နေ့ရက်များကို ဤဝန်ကြီးဌာန Website တွင် ထပ်မံကြေညာသွားပါမည်။

၁၂။ အသေးစိတ်သိရှိလိုပါက စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန ဖုန်း-ဝ၆၇-၃၄၀၆၀၆၆၊ ဝ၆၇-၃၄၀၆၀၆၇၊ ဝ၆၇-၃၄၀၆၂၂၄သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး လျှောက်လွှာနှင့် ကိုယ်ရေးအကျဉ်းပုံစံများကို စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်နှင့် ဤဝန်ကြီးဌာန Website www.mopf.gov.mm တွင် ထုတ်ယူနိုင်ပြီး ရေးဖြေ စာမေးပွဲအောင်မြင်သူများ၏ အမည်စာရင်းအား အထက်ပါ Website တွင် ထုတ်ပြန်ကြေညာ သွားပါမည်။

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန

၈.၇.၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ -၂၈

https://www.facebook.com/MYANMAALINNNEWS/?ref=bookmarks

 

111.jp222.jpg333.j