လဲချားတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအတွက် ကွင်းဆင်းဆောင်ရွက်ပေး

လဲချား ၂၇ ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပန်ဆန်းကျေးရွာအုပ်စု၊ ကုန်းယိကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသူ (၈၀)အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ  စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လွှမ်းသူနောင် (ပြန်/ဆက်)

 

mdn