လဲချားတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

လဲချား   ၂၄  စက်တင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်နံနက် ၆ နာရီ မှ စတင်ကာ ပျံကျစျေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မောင်နွယ်၏နှင့်အတူ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် စျေးရောင်း၊ စျေးဝယ် ပြည်သူများအား လက်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဟန်းစပီကာဖြင့် လှုံ့ဆော်အသိပညာပေးခြင်း စသည့်လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

လွှမ်းသူနောင် (ပြန်/ဆက်)