လဲချားမြို့နယ်၊ ဝမ်စဲ့ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

လဲချား အောက်တိုဘာ ၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ဝမ်စဲ့ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးရုံး ဝန်ထမ်းများနှင့် ဝမ်စဲ့ပန်းခင်းပရဟိတ အဖွဲ့ခေါင်းဆောင် နန်းထွေးလူနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ ၇၀ အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လွှမ်းသူနောင်(လဲချား)