လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကုသရေးစင်တာဖွင့်လှစ်နိုင်ရေး အစည်းအဝေးပြုလုပ်

လားရှိုး ဇူလိုင် ၁၆

 

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါပိုးတွေ့လူနာများကို ကုသနိုင်ရေးအတွက် လားရှိုးမြို့ ပညာရေးကောလိပ်တွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံး ပြီးမြောက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ကုသရေးစင်တာ အုပ်ချုပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့ခင်းပိုင်းအချိန်က ပြုလုပ် ခဲ့ပါသည်။

 

အဆိုပါ အစည်းအဝေးတွင် ကိုဗစ်-၁၉ စင်တာ အုပ်ချုပ်မှုကော်မတီ နာယက ဦးမျိုးမင်းထွန်းက အမှာစကား ပြောကြားပြီး ကိုဗစ်-၁၉ ကုသရေးစင်တာ အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်က Swab Centre အား မိုးကုတ်ဝိပနာမှ ပြည်ထောင်စု အားကစားကွင်းရှိ သေနတ်ပစ်ကွင်းတွင် ပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း၊ ကုသရေးစင်တာ အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်က စင်တာ တွင်  CCTV  (၂၄)လုံး တပ်ဆင်သင့်ကြောင်းဆွေးနွေးသည်။

 

ထို့နောက် ကိုဗစ်-၁၉ ကုသရေးစင်တာအုပ်ချုပ်မှု ကော်မတီ အဖွဲ့ဝင်များကလည်း လုပ်ငန်းကဏ္ဍများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

                                                                                                                                   

                                                                                                                                   

ခရိုင် ပြန်/ဆက်