လာမယ့်နှစ် ဆောင်းရာသီမှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့မျှော်လင့်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရေးပညာရှင် ပြောကြား

၁၆ နိုဝင်ဘာ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့မယ်ဆိုရင် လာမယ့်နှစ် ဆောင်းရာသီမှာ ပုံမှန်အခြေအနေကို ပြန်ရောက်မယ်လို့ မျှော်လင့်ကြောင်း ဂျာမန်ဆေးကုမ္ပဏီ BioNTech ရဲ့ ပညာရှင်တစ်ဦးက တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

 

ကာကွယ်ဆေးထုတ်လုပ်ရေးမှာ ရှေ့တန်းက ဦးဆောင်နေတဲ့ ဂျာမန်ဆေးကုမ္ပဏီ BioNTech ရဲ့ ပူးတွဲတည်ထောင်သူ ယူဂါ ဆာဟင်က ကာကွယ်ဆေးကို မရရှိသေးတဲ့ အခုနှစ်ဆောင်းတွင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ကြောင်း ဘီဘီစီသတင်းဌာနရဲ့ Andrew Marr Show အစီစဉ်ကို ပြောကြားတာဖြစ်ပါတယ်။

 

အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ BioNTech တို့ ပူးတွဲပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးထုတ်လုပ်နေရာ ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း အာမခံကြောင်း နိုဝင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ပညာရှင် ဆာဟင်က အားလုံးချောချောမောမော ဖြစ်သွားခဲ့ရင် ဒီနှစ်ကုန်ပိုင်း သို့မဟုတ် နှစ်ဆန်းပိုင်းမှာ ဆေးကို စတင်ဖြန့်ချိမှာဖြစ်ကြောင်း၊ လာမယ့်နှစ် ဧပြီ လမှာ ဆေးအလုံးရေ သန်း ၃၀၀ ကျော်ဖြန့်ချီဖို့ ရည်မှန်းထားကြောင်း၊ ရောဂါပိုးကူးစက်မှုဟာ လာမယ့်နွေရာသီတွင် ကျဆင်းသွားဖို့ ခန့်မှန်းထားကြောင်းနဲ့ လာမယ့်နှစ် ဆောင်းရာသီမှာ အားလုံးပုံမှန်ပြန်ဖြစ်နိုင်ကြောင်း ပြောကြားပါတယ်။

 

BioNTech ကုမ္ပဏီကို ဂျာမနီနိုင်ငံ အနောက်ပိုင်း မိန်းဇ်မြို့မှာ ၂၀၀၈ ခုနှစ်က ပညာရှင် ဇနီးမောင် နှံဖြစ်တဲ့ ဆာဟင်နဲ့ သူ့ဇနီး အို့လမ်တာရီဆီတို့က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

 

BioNTechဟာ လက်ရှိချိန်မှာ ၂၅ ဒသမ ၈ ဘီလီယံ တန်းဖိုးရှိတဲ့အတွက် ဂျာမနီနိုင်ငံက ဘဏ်ကြီး Deutsche Bank ထက် တန်ဖိုးပိုကြီးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP