ကယ်လီဖိုးနီးယားတွင် အကျဉ်းသား ၈,၀၀၀ နီးပါး ဗိုင်းရပ်စ်ပိုးကြောင့် လွှတ်ပေးသွားမယ်

၁၁ ဇူလိုင်

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးပြည်နယ်ရှိ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၈,၀၀၀ နီးပါးကို လွှတ်ပေးမယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံးပြည်နယ်မှာ လူဦးရေများပြားလွန်းတဲ့အတွက် ထောင်သားဦးရေလျှော့တာဖြစ်ပါတယ်။

 

ဩဂုတ်လကုန်ပိုင်းမှာ လွှတ်ရက်စေ့သူတွေကို လွှတ်ပေးဖို့ ရည်ရွယ်တာပဲဖြစ်ပါတယ်။ ကပ်ရောဂါပိုးစတင်ဖြစ်ပွာချိန်ကလည်း အကျဉ်းသားတွေကို အလားတူ  လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

 

အခုလို အကျဉ်းသားတွေကို လွှတ်ပေးရခြင်းမှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေး၊ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေအား ဘေးကင်းရှင်းစေရန်အတွက် လွှတ်ပေးဖို့ ရည်ရွယ်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ပြည်နယ်အုပ်ချုပ်ရေးမှူးက အကျဉ်းသား ၁,၀၀၀ ကျော်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သိပြီးတဲ့နောက်မှာ အလွန်စိုးရိမ်ခဲ့ကြောင်း အင်္ဂါနေ့က ပြောကြားပါတယ်။

 

ပြည်နယ်အတွင်းရှိ ဆန်ကွန်တင် အကျဉ်းထောင်မှာ ထောင်သားဦးရေ စုစုပေါင်း ၁၁၃,၀၀၀ ရဲ့ တစ်ဝက်နီးပါးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း၊ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ထောင်သားလွှတ်ပေးရန် ကြေညာချက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရတဲ့ လွှတ်ရက်နီးအကျဉ်းသားတွေပါ ပါဝင်ကြောင်း သိရပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ လူနေများပြားတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ လူဦးရေသန်း ၄၀ နီးပါးအထဲမှာမှ ၃၀၀,၀၀၀ ကျော်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရပြီး ၆,၈၀၀ သေဆုံးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP