ကူမဲမြို့၌ သွေးလွန်တုတ်ကွေးရောဂါ အသိပညာပေးဆောင်ရွက်

မြစ်သား   ၈   မေ

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကူမဲမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်နှိမ်နှင်းရေး  ဖုန်း၊ သွန်၊ လဲစစ် အဘိတ်ဆေးခတ်ခြင်း၊ Hand Spaker ဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းကို မေ ၈ ရက်နေ့ နံနက်ပိုင်းက ကူမဲတောင်ရွာနှင့်အရှေ့ရွာတို့၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါခြင်ကြောင့်ဖြစ်သော သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုန်း၊ သွန်၊ လဲစစ် အဘိတ်ဆေးခတ်ခြင်း၊ Hand Spaker ဖြင့် အသိပညာပေး လုပ်ငန်းများကို ကူမဲတိုက်နယ်မှ ကျန်းမာရေး ဝန်ထမ်းများ၊ ကူမဲမြို့ကြက်ခြေနီအသင်းဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် Volunteer များ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာတွင် ကူမဲတောင်ရွာမှ အိမ်ခြေ ၂၁၇ အိမ်၊ ကူမဲအရှေ့ရွာမှ ၁၀၉ အိမ် စုစုပေါင်း ၃၂၆ အိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြမြမွန်(မြစ်သားပြန်/ဆက်)