ကူးစက်ရောဂါများအား လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ချက်

နေပြည်တော် ၁၉ ဖေဖော်ဝါရီ

 

လူတိုင်းအစားအစာနှင့် အရာဝတ္ထုများကို မိမိလက်ဖြင့်နေ့စဉ်ကိုင်တွယ် စားသောက်အသုံးပြုသောကြောင့် လူတို့၏လက်တွင် ရောဂါပိုးများနှင့် အညစ်အကြေးများ နေ့စဉ်ကပ်ငြိနေနိုင်ပါသည်။ ထိုသို့ ရောဂါပိုးများ ကပ်ငြိနေသောကြောင့် အောက်ဖော်ပြပါ ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

 

• ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အသည်းရောင် အသားဝါရောဂါ

• ပိုလီယိုရောဂါ

• သန်ကောင်ကြောင့်ဖြစ်ပွားသော ရောဂါများ

• အရေပြားသန့်ရှင်းမှုမရှိသောကြောင့် ဝဲ၊ ဒက်၊ ယားနာ၊ပြည်တည်နာများဖြစ်ပွားပြီး အခြားသူသို့ ကူးစက်လွယ်ခြင်း၊ပျောက်ကင်းရန် အချိန်ကြာမြင့်ခြင်း။

 

ကာကွယ်ရန်နည်းလမ်းများ

 

၁။ အလွယ်ကူဆုံးနှင့် စရိတ်အသက်သာဆုံး နည်းလမ်းမှာလက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း ဖြစ်သည်။

၂။ အစားအစာမကိုင်တွယ်မီ၊ အစာမစားမီ၊ အိမ်သာတက်ပြီးတိုင်း၊ကလေးအညစ်အကြေး ကိုင်တွယ်ပြီးတိုင်း၊ အမှိုက်သရိုက် ကိုင်တွယ်ပြီးတိုင်း၊ ကြက်၊ ငှက်တိရစ္ဆာန်၊ အိမ်မွေးတိရစ္ဆာန်များ ကိုင်တွယ်ပြီးတိုင်း၊ ကြက်၊ ငှက်၊ အသားငါး၊ ဥများကိုင်တွယ်ပြီးတိုင်း၊ လူနာများကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျစင်ကြယ်အောင် ဆေးကြောရန်လိုအပ်ပါသည်။

 

သို့ဖြစ်ပါ၍ လူတိုင်းမိမိလက်ကိုဆပ်ပြာနှင့် စင်ကြယ်အောင်စနစ်တကျဆေးကြောရန်နှင့် သူတစ်ပါးကိုလည်း လက်ကိုစင်ကြယ်အောင် စနစ်တကျဆေးကြောကြရန် သတိပေးခြင်းဖြင့် ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း နှိုးဆော်အပ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

ကြေးမုံ