ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ 

နေပြည်တော်   ၁၇  ဖေဖော်ဝါရီ 

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂  နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထူး က မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲတင်ပြချက်များကို လုပ်ငန်းကော်မ တီ (၅) ရပ်က ဖြေရှင်းပေးသွားမည် ဖြစ်ပြီး မူဝါဒဆိုင်ရာကိစ္စများကို ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ ( Public-Private Dialogue) သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ ကြုံတွေ့နေရသည့် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ပြဿနာများ ကြောင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်သကဲ့သို့ ဖရဲသီး၊ သခွားသီးစသည့် သီးနှံထုတ်ကုန်များလည်း ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ပြည်တွင်းရောင်းအားမြှင့် တင်နိုင်ရန်နှင့်  အခြားနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် ဈေးကွက်ရှာဖွေနိုင်ရန် သက်ဆိုင်ရာနိုင်ငံရှိ သံအမတ်ကြီးများ၊ စီးပွားရေးသံမှုးများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကုန်သည်အသင်း အဖွဲ့များမှ တင်ပြသည့်  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအခက်အခဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

‌ေ

 

ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်း၊ (UMFCCI) ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ နှင့် မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင်များအသင်းတို့မှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ အခမ်းအနားသို့ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထား သည့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)