ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ကိုဗစ်ကူးစက်ခံရ

၈ အောက်တိုဘာ

 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီမှာ ကိုဗစ်ကူးစက်ခံရကြောင်း၊ အေဂျင်စီရဲ့ပထမ၂ရက်ကြာ နှစ်စဉ်အစည်းအဝေးမှာ တစ်ဦးချင်းတွေ့ဆုံမှုတွေ ရှိခဲ့ပြီးနောက်ပိုင်း ကူးစက်ခံရတာကို သိခဲ့ရကြောင်း ၎င်းကိုယ်တိုင်က ပြောကြားခဲ့ပါတယ်။ ဂရန်ဒီဟာ UNHCR ရဲ့ သီတင်းပတ်ကြာ အမှုဆောင်ကော်မတီကို ဂျီနီဗာမှာ တနင်္လာနေ့က စတင်ခဲ့တာဖြစ်ကာ လက်ကျန်အစီအစဉ်များကိုတော့ နေအိမ်ကနေပဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာ ကိုဗစ်ဖြစ်နေတာကြောင့် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း ၎င်းရဲ့တွစ်တာမှာလည်း ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ အဖျားအနည်းငယ်ရှိပြီး မကြာခင်သက်သာမယ်လို့ မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါတယ်။ ဂရန်ဒီဟာ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ဂျီနီဗာရှိ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ စကားပြောစင်မြင့်ကနေမှ မိတ်ဆက်စကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ UNHCRရဲ့ အမှုဆောင်ကော်မတီကို ကိုဗစ်ကာလအတွင်း ယခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ကျင်းပခြင်းလည်း ဖြစ်ပါတယ်။ တက်ရောက်သူအရေအတွက်ကိုလည်း ကန့်သတ်ထားပြီး mask တပ်ခြင်းနဲ့ တင်းကြပ်မှုတွေလည်း ချမှတ်ထားတဲ့ကြားက ကူးစက်ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

 

Source – AFP

#MRTV