ကွတ်ခိုင်၌ ဒုတိယအကြိမ် ကချင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးဖလား ဘောလုံးပြိုင်

ကွတ်ခိုင်  ၂၁  အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့၊ မြို့နယ်အားကစားကွင်းတွင် ယနေ့အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်၌ ဒုတိယအကြိမ်မြောက် ``ကချင်တိုင်းရင်းသား‌ ရေးရာဝန်ကြီးဖလား´´ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။

 

1

 

အခမ်းအနားသို့ ရှမ်းပြည်နယ် ကချင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဒူဝါကြီး ဦးTဇုတ်‌ဒေါင်က တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဖွင့်အမှာစကား ဆက်လက်ပြောကြားရာ “ယခု အားကစားပြိုင်ပွဲသည် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယင်းအားကစား ပြိုင်ပွဲမှ လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ရရှိစေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုတည်တံ့စေရန်၊ ယင်းအားကစားပြိုင်ပွဲမှ လူငယ်အားကစားသမားများ၏ စိတ်ဓါတ်၊ ကာယ၊ ညာဏနှင့် စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်လူရွယ်များအနေဖြင့် အားကစားများအား ချစ်မြတ်နိုးပြီး မူးယစ်ဆေးဝါး ဘေးအန္တရယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ကျင်းပခြင်း’’ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်က လမ်းညွှန်အမှာစကားများ ပြောကြားပြီး ဘောလုံးပြိုင်ပွဲဖြစ်‌ မြောက်ရေးကော်မတီဥက္ကဌ ဦးဂင်လော်ဘောဝ်က ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

 

1

 

အဆိုပါ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပြီး ယင်းဘောလုံးပြိုင်ပွဲသည်  ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များမှ မြို့နယ်ကိုယ်စားပြု လူငယ်ဘောလုံးအသင်း(၁၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကာ ပြိုင်ပွဲအား အောက်တိုဘာ ၂၁ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုမိုင်း(ပြန်/ဆက်)