ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီး တပ်မတော် ရဟတ်ယာဉ်တစ်စင်း စက်ချွတ်ယွင်းမှုဖြစ်ပွား

နေပြည်တော် ၆ မတ်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာတွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအပြီး အပြန်ခရီးစဉ်တွင် တပ်မတော်ရဟတ်ယာဉ်တစ်စင်း အင်ဂျင်စက် ချွတ်ယွင်းသဖြင့် ပျက်စီး/ထိခိုက်ဒဏ်ရာရမှု အနည်းငယ်ရှိပြီး အသေးစိတ်ဖြစ်စဉ်အား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN

Photo Crd: တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့