ကွတ်ခိုင်မြို့၌ ကျောက်စိမ်းဟုယူဆရသည့် အရွယ်အစားဆိုဒ်စုံ ၇၉၇ တုံး သိမ်းဆည်းရမိ

နေပြည်တော်  ၃၁  မေ

လားရှိုး-မူဆယ်ကားလမ်း အော်ရီယမ်တယ်တိုးဂိတ်၌ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က လားရှိုးဘက်မှ မူဆယ်ဘက်သို့ချမ်းမြသာစည်မြို့နယ်နေ ရဲဝင်းထွဋ်(၃၀)နှစ် မောင်းနှင်လာသည့် 9E/×××× Crown ယာဉ်နှင့် မန္တလေးမြို့နေ ထွန်းလင်းနိုင်(၂၄)နှစ်မောင်းနှင်လာသည့် 5K/×××× Toyota Vancane ယာဉ်တို့အား ကွတ်ခိုင်မြို့ ကွတ်ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာတွင် 9E/×××× ယာဉ်ပေါ်မှ ကျောက်စိမ်းဟု ယူဆရသည့် အရွယ်အစားဆိုဒ်စုံ အတုံး ၆၄၀၊ ၁၀၄၀ ကီလိုဂရမ်(၁ ကီလိုလျှင် ၂၀ဝ၀ဝ ကျပ် နှုန်းဖြင့် တန်ဖိုးငွေကျပ် ၂၀၈ သိန်း)နှင့် 5K/××××ယာဉ်၏ ကိုယ်ထည်အံဝှက်အတွင်းမှ ကျောက်စိမ်းဟု ယူဆ ရသည့် အရွယ်အစားဆိုဒ်စုံ ၁၅၇ တုံး၊ ၃၄၄.၅ ကီလိုဂရမ်(၁ ကီလိုလျှင် ၂၀ဝ၀ဝ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၆၈.၉ သိန်း)တို့အား သိမ်းဆည်းရမိခဲ့သဖြင့်မြန်မာ့ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က)ဖြင့်အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

MDN