ကသာမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်

ကသာ   ၄   မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မေလ ၃ ရက်နေ့၊ ည ၆ နာရီ ၅၅ မိနစ်ခန့်က စတင်ဖြစ်ပွားခဲ့သော မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနေအိမ် ၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ကျေးရွာခွဲအုပ်ချုပ်ရေးမှူးရုံး(၁)ရုံး စုစုပေါင်း အဆောက်အဦ ၇ လုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် ကသာမြို့နယ်အတွင်းရှိ ရေနီကျေးရွာတွင် လူနေအိမ် ၄ လုံး၊ ဒုံးအော့ကျေးရွာတွင် လူနေအိမ် ၁ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်း၊ ရွှေပြည်သာကျေးရွာတွင် ကျေးရွာခွဲအုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ စုစုပေါင်း အဆောက်အဦ ၇ လုံးနှင့် ဆုံးရှုံးမှုတန်ဖိုးငွေပေါင်း ၂၁၃၈၀၀၀ ကျပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပြီး ကသာမြို့နယ်တွင် တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းသည် အနောက်ဘက်သို့ ဦးတည်၍ တိုက်ခတ်ခဲ့ကာ ၁ နာရီ  မိုင် ၂၀ ရှိကြောင်း၊ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများပါ ကျရောက်မှုဖြစ်ပေါ်ခဲ့ရာ မိုးရေချိန်မှာ ၀.၇၉ လက်မ ရှိကြောင်း ကသာမြို့နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရှိရသည်။

ရဲအောင်(ကသာ)