ကသာမြို့နယ်၌ "ဖားဥ"ဟုယူဆရသော ဥများကြော်စားရာမှ အစာအဆိပ်သင့်ကာ တစ်ဦးသေ၊ ငါးဦးဆေးရုံတက်ကုသ

နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

ကသာမြို့နယ်၊ သာစည်ကျေးရွာ၌ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီက အစာအဆိပ်သင့်၍ တစ်ဦးသေဆုံးပြီး ငါးဦးဆေးရုံတက်ရောက်ကုသနေကြောင်း သတင်းအရ ကသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အဆိုပါကျေးရွာနေ မောင်မျိုးထက်ကို (၁၁)နှစ်နှင့် တစ်ရွာတည်းနေ မမေသက်ခိုင် (၄)နှစ်ပါ ခြောက်ဦးတို့သည် မမေသက်ခိုင်၏နေအိမ်၌ မိဘများမရှိခိုက် ဧရာဝတီမြစ်အတွင်းမှရရှိသည့် "ဖားဥ"ဟု ယူဆရသော ဥများအားကြော်စားရာမှ အစာအဆိပ်သင့်ကာ မူးဝေအော့အန်ခြင်းများ ဖြစ်ပေါ်ခဲ့၍ ဆေးရုံသို့ပို့ဆောင်စဉ် မမေသက်ခိုင်မှာ သေဆုံးသွားခဲ့သဖြင့် ကသာမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

MDN
Source: ရဲပြန်ကြား