ကသာမြို့နယ် ရွှေလီမြစ်အတွင်း ဝါးဖောင်များမှ တရားမဝင်ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ ဖမ်းမိ

ကသာ ၁၁ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ဝက်တူးကျေးရွာနှင့် ကျွဲခြံကျေးရွာအနီး ရွှေလီမြစ်အတွင်း ဝါးဖောင်များမှ တရားမဝင် ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသား(၇)တန်ကျော် ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၁၀ နာရီ အချိန်ခန့်တွင် ကသာခရိုင် သစ်တောဦးစီးဌာနမှ သက်ဆိုင်ရာ အဖွဲ့သည် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလျှက် သက်သေများနှင့်အတူ ကသာမြို့နယ် ရွှေလီမြစ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ဝက်တူးကျေးရွာနှင့် ကျွဲခြံကျေးရွာအနီး ရွှေလီမြစ်အတွင်း ဆိုက်ကပ်ထားသော ဝါးဖောင်များအား မသင်္ကာ၍ သွားရောက်ရှာဖွေ စစ်ဆေးရာ အဆိုပါ ဝါးဖောင်များအတွင်းမှ တရားမဝင်ကျွန်းသစ်လုံး (၂၃)လုံး၊ တရားမဝင်ကျွန်းခွဲသား (၁၇၀)ချောင်း၊ စုစုပေါင်း ၇.ဝ၁၂၄တန်နှင့်အတူ ဖောင်လုပ်သားများဖြစ်ကြသော ကျော်စိုးမင်း၊ဖိုးတုတ်၊ ခင်မောင်ချို၊ မျိုးမြတ်၊ မင်းဇော်အောင်၊ သိန်းကျော်ဦး၊ မောင်ပွေးနှင့် ဖြိုးကိုတို့(၈)ဦးအား ဖမ်းဆီးရမိသဖြင့် သစ်တောဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)

 

image-0-02