ကသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကသာ ဧပြီ ၁၂

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိ သေးသည့် ပြည်သူများအား ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်များခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

           

ယခင်က ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့တော်ခန်းမတစ်ခုတည်းတွင်သာ ဆောင်ရွက်ခဲ့သော်လည်း ဧပြီ(၁)ရက်မှစ၍ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရန်ရည်ရွယ်၍ ကသာမြို့ရှိ မြို့တော်ခန်းမ၊ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်၊ ကျောက်တိုင်ကွင်းဆိပ်နှင့် ဈေးများတွင် ဆေးထိုးနေရာများ ထားရှိပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့်အပြင် လုံခြုံရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)