ကသာမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးများ ထိုးနှံပေး

ကသာ စက်တင်ဘာ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေး သော ပြည်သူများအား ပထမအကြိမ်အဖြစ် စက်တင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၈)နာရီမှစ၍ ကသာ မြို့တော်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသ ည်။

 

ယနေ့တွင် ကသာမြို့နယ်အနေဖြင့် ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတေ်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက် ဘိုးဘွားများနှင့် အသက်(၁၈)နှစ်အထက်ရှိသည့်ပြည်သူအများက လာရောက်ထိုးနှံကြကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာခရိုင်ပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု နှင့် ကူညီဆောင်ရွက်ပေးသည့်လုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအကြိမ်ထိုးနှံရာတွင် လူဦးရေ(၄၅၀၀)ဦးအထိ ထိုးနှံပေးသွားမည်ဖြစ်သည့်အပြင် ဩဂုတ်လအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကိုလည်း ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)