ကသာမြို့ ဧရာဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ကသာ   ၁၆   ဧပြီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဗျူးပွိုင့်အနီး၊ ဦးအေးကြိုင်လှေဆိပ်၊ ရေစပ်နှင့်ပေ(၂၀)ခန့်အကွာ ဧရာဝတီမြစ်အတွင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေသည်ကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က တာဝန်ရှိသူများ သွားရောက်စစ်ဆေး‌ခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် ရေနစ်သေဆုံးသူမှာ ကသာမြို့၊ ပတ္တမြားရပ်ကွက်နေထိုင်သူ မင်းဇော်ဦး(ခ) ဖိုးကုလား(၃၃)နှစ် ဖြစ်ပြီး သေဆုံးသူမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သေဆုံးနေသည့်လက္ခဏာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
    
ရဲအောင်(ကသာ)