ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧရာဝတီဖောင်ဒေးရှင်းမှ ဆန်အိတ်(၁၀၀၀) လှူဒါန်း

ဘားအံ ၈ ဧပြီ

 

ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧရာဝတီဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါ Quaranitine Centers အတွက် ဆန်အိတ် (၁၀၀၀) လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဧရာဝတီဖောင်ဒေးရှင်းမှ အထွေထွေမန်နေဂျာ ဦးသန့်ဇော်စိုးက ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပါဝင်ကူညီလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံ ရန်ပုံငွေ မတည်ပေးခြင်းနှင့် နေထိုင်စားသောက်သွားလာရေး ပံပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးရုံသုံး ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအတွက် Facility Quarantine Center များနှင့် အကျွေးအမွေး ပံ့ပို့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ကိုဗစ်-၁၉ အတွက် ငွေကျပ် သိန်း ၈၃၀၀ ကျော် သုံးစွဲပြီးဖြစ်ကာ ငွေကျပ်သိန်း ၄၀၀၀ နှင့်ညီမျှသော ဆန်အိတ် ၁၅၀၀၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံသို့ ထပ်မံ ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း စုစုပေါင်း ဆန်အိတ်ရေ ၈၀၀၀ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လှူဒါန်းခဲ့ပြီး ကျန်ရှိသော ဆန်အိတ်များကိုလည်း လာမည့်ရက်ပိုင်းအတွင်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

အခမ်းအနားတွင် ဧရာဝတီဖောင်ဒေးရှင်းမှ အထွေထွေမန်နေဂျာ ဦးသန့်ဇော်စိုးက ဆန်အိတ် (၁၀၀၀) အား ပေးအပ်လှူဒါန်းရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ကရင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုရေး နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း ခံယူနေသူ  ၂၉၇၅ ဦးရှိကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)