ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျိုက်ဒုံမြို့ ဘုန်ကြီးကျောင်းများအတွက် ဆွမ်း၊ ဆန်၊ စိမ်းများ ပေးပို့ လှူဒါန်း

ကျိုက်ဒုံ စက်တင်ဘာ ၂၂

 

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် ဆွမ်း၊ဆန်၊စိမ်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးကိုယ်စား ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  စက်တင်ဘာလ၂၂ ရက် နံနက်၁၀နာရီက ကျိုက်ဒုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း၊ ကျေးရွာများရှိ ဘုန်ကြီးကျောင်း(၃၀)ကျောင်းအတွက် ဆွမ်း၊ ဆန်၊ စိမ်းများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် တိံဿရာမစာသင်တိုက် တောင်ပေါ်ကျောင်းဆရာတော် ဦးဝိဇ္ဇာတီံဿထံတွင် ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များ နာကြားခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ဆွမ်း၊ ဆန်၊ စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်