ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား လာရောက်ကြည့်ရှု

mdn

 

လှိုင်းဘွဲ      ဩဂုတ်  ၅

 

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင်  သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ နေသူများအား အားပေးစကားပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထိုးနှံရေးတွင် ပါဝင်ဆောင်ရွက်နေသော VOLUTEER များအား အားပေးစကားပြောကြားခြင်းနှင့်ကြက်ဉများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(SINOPHARN)အလုံးရေ(၁၅၀၀)ရရှိပြီး လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်ကျေးရွာ၊ မြိုင်ကြီးငူအထူးဒေသ၊ ပိုင်ကျုံမြို့နှင့်ရှမ်းရွာသစ်မြို့ တိုက်နယ်ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွား(၅၉၆)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၃၅)ဦး၊ ပရဟိတ(၃၇၉)ဦး၊ဘုန်းကြီး/သီလရှင်/ ဘာသာရေးကျောင်း (၁၈၆)ဦး၊နိုင်ငံ့ဝန်ထမ်း(၆၁၈)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၄)ဦး၊ အလုပ်ရုံဝန်ထမ်း(၄)ဦး၊ ပို့ဆောင်ရေးလုပ်ငန်း(၇)ဦး၊ ဈေးသည်(၁၁၀)နှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းမှ ဝန်ထမ်း(၁)ဦး စုစုပေါင်း(၁၉၄၀) တို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)