ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်စပါးခင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ   ၂    စက်တင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Covid – 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ်စပါးစိုက်ခင်း ဧရိယာများတွင် သဘာဝဘေးန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး၊ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးမှူးတို့က ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

မျိုးစေ့ထုတ်စပါးများ စိုက်ပျိုးထားရှိသည့် ဝင်းစိန်ကျေးရွာ၊ ပတ်ကျောကျေးရွာနှင့် သမ္ဘာန်ကျေးရွာများရှိ ဆင်းသုခစပါးနှင့် ဧရာမင်း မျိုးစေ့ထုတ်စိုက်ခင်းများတွင် Covid – 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်၊ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်ဆွေ၊ မြို့နယ်ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု့ပြီး တောင်သူများအား လိုအပ်ချက်များရှိပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)