ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ ကြက်တောင်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ဘားအံ ၁၉  နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၉ ခုနှစ် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး (Township Sport Development Program) အရ ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကျောင်းပေါင်းစုံ ကြက်တောင်နှင့်ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။

ပြိုင်ပွဲဖွင့်ပွဲတွင် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အမျိုးသား ပိုက်ကျော်ခြင်း ၁၂ သင်း၊ အမျိုးသား ကြက်တောင် ၉ သင်း၊ အမျိုးသမီးကြက်တောင် ၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျန်းမာသန်စွမ်းသည့် ကျောင်းသားလူငယ်များ ဖြစ်လာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)           

 

mdn

 

mdn