ကရင်ပြည်နယ် အစိုးရအဖွဲ့မှ သံတောင်မြို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

သံတောင်ကြီးမြို့   ၂၆    စက်တင်ဘာ 

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင်  ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက်  ကရင်ပြည်နယ်အစိုးရအဖွဲ့မှ   ထောက်ပံ့ပေးအပ်သော  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို   ယမန်နေ့နံနက်ပိုင်းက   သံတောင်မြို့အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင်  သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ရေးပစ္စည်းများကို  သံတောင်မြို့  တာဝန်ခံဆရာဝန် ဒေါက်တာစစ်သွေးပိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံ  ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပစ္စည်းများမှာ PPE ဝတ်စုံ(၅)စုံ၊  hand speaker (၄)လုံး၊  အပူချိန်တိုင်း ကိရိယာ(၄)ခု၊ မျက်နှာကာ (၁၀)ခုတို့ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်