ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကျင်းပ

 

ဘားအံ ဒီဇင်ဘာ ၁၇

 

ပြည်နယ်အတွင်း ရွက်ပုန်းသီး လှေလှော်အားကစားသမားများ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ဒီဇင်ဘာ ၂၂ ရက်တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဘားအံမြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ်၌ ကျင်းပခဲ့သည်။

 

အဆိုပါလှေလှော်ပြိုင်ပွဲကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သတ်မှတ်စည်းမျဉ်းစဉ်းကမ်း ဘောင်အတွင်းမှနေ၍ မိမိတို့ကိုယ်စားပြုအသင်းများ အနိုင်ရရှိအောင် ရွက်ကုန်တက်ကုန် အားကြိုးမာန်တက် ကြိုးစားယှဉ်ပြိုင်ကစားကြရန်တိုက်တွန်းမှာကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြိုင်ပွဲဝင် ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြိုင်ပွဲကို စတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ အားကစားဝါသနာရှင်များက အမျိုးသားတက် (၂၀) နဂါးလှေလှော်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး () တက်လှော်နှင့် () တက်လှော် ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

 

အဆိုပါပြိုင်ပွဲသို့ ဘားအံမြို့နယ်ရှိ တိုက်နယ် ၉ ခုမှ အမျိုးသား တက် (၂၀)လှော် နဂါးလှေပြိုင်ပွဲ ကိုးသင်း၊ () တက်လှော် ကိုးသင်း၊ () တက်လှော် ကိုးသင်း၊ အမျိုးသမီး () တက်လှော် ရှစ်သင်း၊ () တက်လှော် ရှစ်သင်း စုစုပေါင်း ကစားသမား ၃၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)