ကျွန်တော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ထိပါးတဲ့အရာမှန်သမျှကို ကျွန်တော်တို့အပါအဝင် တိုင်းသူပြည်သားတွေ အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ခံစားပြီးတော့ ဒီရည်ရွယ်ချက်နဲ့ ပွဲကို ကဖြစ်တာပါ

သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း

 

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီထံ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဧပြီ ၅ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပရာ အဆိုပါ ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။

 

ကျွန်တော်တို့ မူလရည်ရွယ်စဉ်ကတည်းက ရခိုင်ဒေသမှာ ခြံစည်းရိုး ဆောက်လုပ်နေတဲ့အတွက်ကို လှူဒါန်းချင်တာပါ၊ ရခိုင်မှမဟုတ်ပါဘူး၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ထိပါးတဲ့အရာမှန်သမျှကို ကျွန်တော်တို့အပါအဝင် တိုင်းသူပြည်သားတွေ အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ခံစားပြီးတော့ ဒီရည်ရွယ်ချက်နဲ့ ပွဲကို ကဖြစ်တာပါ။ ပွဲကတဲ့အချိန်မှာလည်း အလှူငွေကျပ်သိန်း ၆၅၀ ရပါတယ်။ ဒီနေ့ လှူဒါန်းနိုင်ပါတယ်။ ကျွန်တော်တို့ကို လိုအပ်ရင် ကျွန်တော်တို့ အမြဲတမ်းကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ ပါဝင်ကူညီ လှူဒါန်းနေကြမှာပါပဲ။ အဲဒီအတွက်ကိုလည်း ကျွန်တော်တို့ အမြဲတမ်း ရှိပါတယ်။

 

တွေ့ဆုံ မေးမြန်း - မင်းမင်းဇော် (ကလေး)