ကွန်ပြူတာတက္ကသိုလ် ( ဗန်းမော် ) NETWORK DESIGN AND OPERATIONS WORKSHOP အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဗန်းမော် ၂၂ စက်တင်ဘာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် Network Design and Operations Workshop အလုပ်ရုံ ဆွေးနွေးပွဲ ကို စက်တက်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲက   ကွန်ပြူတာတက္ကသိုလ် (ဗန်းမော်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမေဖြိုးဦးနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၁၅၀ ကျော်တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်က အမှာစကားပြောကြား၍  ဆရာဦးဇေယျာဝင်းက Net Work Design and Implementaction အကြောင်း မိတ်ဆက်စကား ပြောကြားပြီး မောင်မျိုးသီဟနိုင်က network  Survey ဆိုင်ရာအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍   မောင်ကျော်သန့်ဇင် နှင့်မခရေဖြူ   တို့က physical  Design တည်ဆောက်မှု။ မောင် ဟိန်မင်းထွန်းနှင့် မထုဇီ တို့က Logical Design တည်ဆောက်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြ၍  မောင်ဇင်မင်းထက်က cctv တပ်ဆင်ရာတွင် ကုန်ကျစရိတ် တွက်ချက်မှုကို ဆွေးနွေးတင်ပြခဲ့ပြီး   မောင်ထက်ထက်ငြိမ်းချမ်းဝင်း၊ မောင်တိုးတက်ဝင်း၊ မောင်ဇော်ရွှေရဲထွန်း တို့က Implementaction ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မောင်ဝေယံထက်နှင့် မတင်တင်မာ တို့က cctv တပ်ဆင်ခြင်း။ အသုံးပြုခြင်းအကြောင်း သိကောင်းစရာများကို ဆွေးနွေးခဲ့ကြ၍ ဆရာဦးဇေယျာဝင်း က network လိုင်းဆိုင်ရာ သိကောင်းစရာများကို ထပ်ဆင့်ရှင်းလင်းဆွေနွေးခဲ့ပြီး ကျောင်းအုပ် ဆရာမကြီး ဒေါက်တာမေဖြိုးဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

 

ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်) မှ ပဉ္စမနှစ် ကျောင်းသား၊ ကျောင်းသူများအတွက်လက်တွေ့ ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရန်နှင့် လုပ်ငန်းခွင် အထောက်အကူ ပြုစေရန်ရည်ရွယ်၍ Cabling and Design, CCTV Installation, Routing & Switching သင်တန်းများအား စက်တင်ဘာ ၁၆ ရက်နေ့မှ စက်တင်ဘာ ၂၁ ရက်နေ့ အထိ စာတွေ့၊ လက်တွေ့ ဟန်ချက်ညီစွာ သင်တန်းပို့ချခဲ့ကြောင်း။ ပဉ္ဇမနှစ် ကျောင်းသားများဖြစ်တဲ့ နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများသည်မကြာခင် လုပ်ငန်းခွင် ဝင်ကြမည့် သူများဖြစ်ကြပါတယ်။ လက်တွေ့ဆောင်ရွက်ကြတဲ့အခါမှာ အထောက်အကူဖြစ်စေရန်။ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကလုပ်ငန်းများ၏လိုအပ်ချက် ဖြစ်တဲ့ net work၊ အင်တာနက်၊ ဒီဇိုင်းများနှင့် ပတ်သက်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမေဖြိုးဦး  ကပြောသည်။

 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသူ ဆရာမ (၄ )  ဦး နှင့် သင်တန်းသား ကျောင်းသား၊ ကျောင်းသူ( ၁၃) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

 

ဆီမီးခုံ -နန်းရီ