ကန်ပက်လက်မြို့၌ ဒေသထွက်လက်ဖက်ခြောက်များ ရောင်းအားကျဆင်း

ကန်ပက်လက်၊ ၁၈ ဇန်နဝါရီ

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ထုတ်လုပ်ရောင်းချသော လက်ဖက်ခြောက်လုပ်ငန်းမှာ ကိုဗစ်ကာလအတွင်း ရောင်းအား အနည်းငယ် ကျဆင်းလျက်ရှိသည်။

 

"လက်ဖက်ခြောက်ကို ဧပြီလလယ်ကနေ နိုဝင်ဘာလကုန်အထိ အခြောက်ခံ ထုတ်လုပ်တယ်။ ယခင်နှစ်တွေမှာ ခရီးသွားတွေ များပြားတဲ့အတွက် ထုတ်လုပ်သမျှရောင်းချရတယ်။ ဒီနှစ်မှာတော့ ခရီးသွားတွေ နည်းသွားတဲ့အတွက် ရောင်းအားလည်း ကျသွားတယ်။ ဒေသခံတွေကတော့ ဝယ်ယူနေကြပါတယ်။ စျေးကွက်လည်း ချဲ့ချင်ပါတယ်" ဟု အချစ်ဆုံး လက်ဖက်ခြောက်ပိုင်ရှင်က ပြောပြသည်။

 

လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် ဒေသထွက်ကုန် စီးပွားဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။

 

မီရိမ်(ပြန်/ဆက်)

 

mdn