ကြည့်ရှုသူ သန်း ၃၅ဝ ပြည့်ခဲ့ပြီဖြစ်တဲ့ What is Love?

၃  ဒီဇင်ဘာ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ TWICE ဟာ လတ်တလောမှာ စံချိန်သစ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ တေးသီချင်းတစ်ပုဒ်ဟာ ကြည့်ရှုသူ သန်း ၃၅၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့ဟာ ကြည့်ရှုသူ  သန်း ၃၅၀ ပြည့်ခဲ့တဲ့ တေးသီချင်း လေးပုဒ်ရှိလာခဲ့ပြီဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။

TWICE ရဲ့ ၂၀၁၈ ခုနှစ်အတွင်း  စတင်ထုတ်လွှင့်ခဲ့တဲ့ What is Love? တေးသီချင်းရဲ့ ဗီဒီယိုဟာ လတ်တလောမှာ ယူကျုပေါ်မှာ ကြည့်ရှုသူ သန်း ၃၅၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တေးဗီဒီယိုအပြင် ကြည့်ရှုသူ သန်း ၃၅၀ ပြည့်မြောက်ခဲ့တဲ့ အခြားသော တေးဗီဒီယိုတွေကတော့ TTI Likey နဲ့ Cheer Up တို့ ဖြစ်ကြကြောင်းလည်း သိရပါတယ်။

အေးပြည့်