ကံမမြို့နယ်တွင် စက်ရေတွင်း တူးဖော်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်

ကံမ   ၁၉  နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ရေတွင်း တူးဖော်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး  ဦးတိုးကြည်က  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဦးစီးဌာနမှ ဆောင်ရွက် နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

 

သင်တန်းသို့ ကံမမြို့နယ်အတွင်း ကျေးရွာများမှ သင်တန်းသား ၂၀ တက်ရောက်ကြပြီး သင်တန်း ကာလ ၁၅ ရက်ကြာ    စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသူရရှိန်၏ ပြောကြားချက်အရ သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)