ကံမမြို့နယ်တွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၃၅၃ ဦး ကျောင်းအပ်နှံပြီးဖြစ်

ကံမ  ၁၅  ဇူလိုင်

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်   အခြေခံပညာအထက်တန်းအဆင့် အတန်းများမှ ကျောင်းသားကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ဇူလိုင် ၁၃ ရက်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၆ ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ  ၃  ကျောင်းတို့တွင် လက်ခံလျက်ရှိရာ  ဇူလိုင် ၁၅ ရက်အထိ      Grade-10 ကျောင်းသားကျောင်းသူပေါင်း ၇၀၇ ဦးနှင့် Grade-11  ကျောင်းသားကျောင်းသူပေါင်း ၆၄၆ ဦး စုစုပေါင်း ၁၃၅၃ ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကျောင်းအပ်လက်ခံရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏     လမ်းညွှန်ချက်များနှင့်   အညီကျောင်းအပ်နှံရန်လာရောက်သည့်  ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများအား ကိုယ်အပူချိန်တိုင်းတာ၍ မှတ်တမ်းတင်ထားရှိခြင်း၊ လက်ဆေးဘေစင်များထားရှိပြီး လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး  ၆  ပေခွာ၍  လူစုလူဝေးမဖြစ်ပေါ်စေရေး စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)