ကံမမြို့နယ် စမ်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားသဖြင့် လူနေအိမ်(၇)လုံးဆုံးရှုံး

ကံမ  ၁၅  မေ 

 

မကွေးတိုင်းဒေသကြီး ကံမမြို့နယ် စမ်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၇)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ 

 

ဖြစ်စဉ်မှာ စမ်းကျေးရွာနေ ဦးတင်ကြိုင်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာမှ   နေအိမ် (၇)လုံး  မီးလောင်ဆုံးရှုံးခဲ့ပြီး  မီးလောင်မှုဖြစ်ပွားရာသို့  မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်(၂) စီး၊  ကြို့ပင်တိုက်နယ်မှ မီးငြှိမ်းသတ်ယာဉ်  (၁) စီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင်  မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။  

 

ကျော်ဇေယျဝင်း(ကံမ)