ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျောင်းသားမိဘများအား အသိပညာပေး

လှိုင်းဘွဲ ၁၂ ဇူလိုင်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသော ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် လိုက်နာရမည့် အချက်များကို  ကျောင်းသားမိဘများအား အသိပညာပေးခြင်းကို ယမန်နေ့က ပန်းဝတ်မှုံခန်းမ၌ ပြုလုပ်သည်။

 

အဆိုပါ အသိပညာပေးရာတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဆန်းဝင်းကြည်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျောင်းဆရာ/ဆရာမများ လိုက်နာဆောင်ရွက်ကြသလို၊ ကျောင်းသား မိဘများအနေဖြင့်လည်း ပူးပေါင်းလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပညာပေးခြင်းဖြစ်ပြီး မိမိတို့အိမ်တွင် မိမိကလေးအား သန့်ရှင်းမှု၊ အာဟာရပြည့်ဝမှု၊ ကျောင်းသွား၊ ကျောင်းပြန်ချိန်တို့တွင် ဆောင်ရွက်ရမည့်အချက်များကို ဂရုစိုက်ကြရန် လိုအပ်ကြောင်း ပြောကြားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျောင်းဖွင့်ချိန်တွင် လိုက်နာရမည့်အချက်များကို ကျောင်းသားမိဘများအား ဖတ်ပြရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)