ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ကုတင်(၅၀၀) အထူးကုဆေးရုံကြီးသို့ Powered Air-purifying Respirator များ ပေးအပ်လှူဒါန်း

ရန်ကုန်  ၅  နိုဝင်ဘာ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ကုတင် (၅၀၀) အထူးကုဆေးရုံကြီးသို့ အလှူရှင် အမေရိကန်နိုင်ငံ Seattle မြို့နေ Hissho Sushi ၏ တည်ထောင်သူ Mr. Philip Maung မှ Powered Air-purifying Respirator (PAPR)များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က အမှာစကားပြောကြားပြီး အလှူရှင်ကိုယ်စား Sea Lion Group မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဝင်းဇော်အောင်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးနှင့် ရန်ကုန် ကုတင် (၅၀၀) အထူးကုဆေးရုံကြီးမှ ရင်ခေါင်းခွဲစိတ်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာထက်မြက်တို့ထံ အလှူရှင်ကိုယ်စား Sea Lion Group မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာဝင်းဇော်အောင် က Powered Air-purifying Respiratorများ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ယနေ့ လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန် ကုတင်(၅၀၀) အထူးကုဆေးရုံကြီးသို့ အလှူရှင် အမေရိကန်နိုင်ငံ Seattle မြို့နေ Hissho Sushi ၏ တည်ထောင်သူ Mr. Philip Maung မှ ငွေကျပ် ၃၅၀ သိန်းနှင့်ညီမျှသော Powered Air-purifying Respiratorများ အစုံ (၅၀) ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-ရဲထွဋ်)