ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေမှ ကိုဗစ်-၁၉  တုံ့ပြန် ဆောင်ရွက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပစ္စည်းများနှင့် ဓာတ်ခွဲပစ္စည်းများ လွှဲပြောင်းပေးအပ်

ရန်ကုန်  ၁၇  ဇူလိုင်

ကျန်းမာရေး စောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) မှ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ပစ္စည်းများနှင့် ဓာတ်ခွဲပစ္စည်းများ ဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ပြုလုပ် သည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပံ့ပိုးမှုများပေးခဲ့ သည့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund) နှင့် အဓိက အလှူရှင်နိုင်ငံများ ဖြစ်သော United Kingdom အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့ ပံ့ပိုးမှုများသည် ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လူနာဓာတ်ခွဲအတည်ပြု စစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများအတွက် များစွာအထောက်အကူပြုပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုစွမ်းရည်နှင့် အရေ အတွက်တိုးမြှင့်ဆောင်ရွက်ရာတွင် Access to Health Fund မှ ပံ့ပိုးမှုများသည် ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုမြန်ဆန် တိကျစေရန်များစွာ အထောက်အကူပြုပါကြောင်း၊ Access to Health Fund မှ ပံ့ပိုးမှုများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်း လက်တွဲဆောင်ရွက်လျက်ရှိသော တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများအတွက် ပံ့ပိုးထောက်ပံ့ပေးခြင်းသည် ကောင်းမွန်ပါကြောင်း၊ သွားလာရခက်ခဲသော ဒေသများတွင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း များ၏ အခန်းကဏ္ဍ သည် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေ ရေးအတွက် () လျှင်တစ်ကြိမ်ခန့် အဆိုပါ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး  Mr. Dan Chugg USAID မှ Deputy Head of Mission ဖြစ်သူ Ms. Teresa McGhie နှင့် Access to Health Fund Management Office မှ Fund Director ဖြစ်သူ Mr. Oren Ginzburg တို့က ပံ့ပိုးမှုများဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်း မီရရှိရေးရန်ပုံငွေ (Access to Health Fund) မှ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေး အတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာပစ္စည်းများနှင့် ဓာတ်ခွဲပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။

ယနေ့ပြုလုပ်သော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် ကျန်းမာရေး စောင့်ရှောက်မှုလက်လှမ်းမီ ရရှိရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ( ဒသမ ) သန်း တန်ဖိုးရှိ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများနှင့် ဓာတ်ခွဲပစ္စည်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေ (Access to Health Fund) သည် ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုများ အတွက် အမေရိကန်ဒေါ်လာ (၁၃ ဒသမ ) သန်း ပံ့ပိုးပြီး ကတိကဝတ်ထားလုပ်ဆောင် နေခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)